အနာဂတ် တွေ အတူတူလက်တွဲဖော်ဆောင်ကြမယ်
Third Gen Empire (TGE) Fashion Academy မှာဆိုရင် ပညာရေး၊ လုပ်ငန်းခွင်နဲ့ လူမှုအသိုက်အဝန်းကို လက်တွဲညီညီနဲ့ အနာဂတ်အတွက် ပိုမိုကောင်းမွန်အောင် ဖန်တီးပေးနေပါတယ်။
TGE ဘာကြောင့် ရှိနေတာလဲ
TGE ဟာ ပညာရေးတစ်ခုတည်းတင်မကဘဲ ကျောင်းသားလူငယ်တွေအတွက် လိုအပ်တဲ့ အတွေ့အကြုံနဲ့ လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ပေါင်းကူးပေးတဲ့ Platform တစ်ခုဖြစ်ပါတယ်။
TGE လုပ်ဆောင်ပေးနေတာက
ပညာရေးနှင့် ကျွမ်းကျင်မှု – ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်စေဖို့။
လုပ်ငန်းခွင်ချိတ်ဆက်မှု – စီးပွားရေးလုပ်ငန်းနဲ့ လူငယ်စွမ်းရည်ကို ပေါင်းကူးပေးခြင်း။
Next Generation & Industry ကို လမ်းပြပေးခြင်း – နောက်မျိုးဆက်သစ် ခေါင်းဆောင်များကို ပျိုးထောင်ပေးခြင်း။
အမှတ်တံဆိပ် Brand ဖွံ့ဖြိုးမှု – စီးပွားရေးအကြံပေးခြင်းနှင့် Branding လုပ်ငန်းများ။
ဘာကြောင့် TGE နဲ့ လက်တွဲသင့်လဲ
TGE နဲ့ လက်တွဲခြင်းက ပညာရေးကို ပံ့ပိုးတာတစ်ခုတည်း မဟုတ်ဘူး။
ဒါဟာ အနာဂတ်လူငယ်တွေကို ပံ့ပိုးပေးခြင်း၊ အရည်အချင်းရှိတဲ့ Talent တွေကို ဖော်ထုတ်ပေးခြင်း၊ Local Business တွေ ပိုမိုတိုးတက်လာဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးခြင်း ဖြစ်တယ်။ ကျွန်ုပ်တို့က မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုမိုအားကောင်းတဲ့ Brand တွေ ဖြစ်လာစေချင်တယ်။
Local Business တွေကို International Standard နဲ့ ယှဉ်ပြိုင်နိုင်တဲ့ Business တွေ ဖြစ်လာစေချင်တယ်။
လူငယ်တွေကို Career Opportunities တွေ ဖန်တီးပေးချင်တယ်။
Industry နဲ့ Education ကြားက ကွာဟချက်ကို လျှော့ချပေးချင်တယ်။
ဒါကြောင့် TGE နဲ့ လက်တွဲခြင်းဟာ လုပ်ငန်းတစ်ခုတည်းအတွက် မဟုတ်ဘဲ အနာဂတ်မျိုးဆက်သစ်တွေအတွက် ရင်းနှီးမြှုပ်နှံခြင်းတစ်ခုလည်း ဖြစ်တယ်။

Global Perspective
TGE ရဲ့ Founder ဖြစ်သူ Thiri Tun (Ariel Thi) က လက်ရှိ အီတလီနိုင်ငံ၊ မီလန်မြို့မှာ အခြေစိုက်ပြီး Fashion Communication, Branding, Marketing, Education နဲ့ Creative Industry Development နယ်ပယ်တွေမှာ လုပ်ကိုင်နေတယ်။
နိုင်ငံတကာ ပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံတွေကနေ ရရှိထားတဲ့ ဗဟုသုတတွေကို မြန်မာနိုင်ငံရဲ့ လူငယ်တွေနဲ့ လုပ်ငန်းရှင်တွေဆီ ပြန်လည်မျှဝေပေးဖို့ TGE ကို တည်ထောင်ခဲ့တာ ဖြစ်တယ်။
TGE နဲ့ လက်တွဲခြင်းဟာ ပြည်တွင်းအခွင့်အလမ်းတွေအတွက်သာ မဟုတ်ဘဲ နိုင်ငံတကာအမြင်၊ Industry Network နဲ့ Global Opportunities တွေဆီ ချိတ်ဆက်နိုင်မယ့် ခြေလှမ်းတစ်ခုလည်း ဖြစ်တယ်။
Founder ရဲ့ Professional Projects, Consulting Services နဲ့ International Activities တွေအကြောင်း ပိုမိုသိရှိလိုပါက Ariel ThiWebsite ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

Let’s Grow Together
သင်သည် လုပ်ငန်းရှင်တစ်ဦးဖြစ်စေ၊ Brand Owner တစ်ဦးဖြစ်စေ၊ ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်စေ၊ Industry Professional တစ်ဦးဖြစ်စေ ကျွန်ုပ်တို့နှင့် လက်တွဲဆောင်ရွက်ရန် အခွင့်အလမ်းများကို ကြိုဆိုပါသည်။
အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုအားကောင်းသော လုပ်ငန်းများ၊ ပိုမိုအရည်အချင်းရှိသော လူငယ်များနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်မည်ဟု TGE မှ ယုံကြည်ပါသည်။
TGE နဲ့ ဆက်သွယ်ရန်
📧 admin@thirdgenempireartcampus.com
🌐 www.thirdgenempireartcampus.com
Read Our Corporate Profile
📖 View Corporate Profile